ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်




MNP - ဧပြီ   ၆

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ဟိုပန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်အဖြစ် ကူးစက်ပျံ့နှံ့မှုများ ဖြစ်‌ပေါ်လျက်ရှိကြောင်း၊ မိမိရပ်ရွာတွင် ကာကွယ်တားဆီးနိုင်ရန် ညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ ပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံးနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်သို့သွားလာရန် ကိစ္စပေါ်ပေါက်ပါက နှာခေါင်းစည်း(Mask) ကိုတပ်ဆင်၍သွားလာရန်၊ လူစည်ကားသည့်နေရာများသို့ သွားရောက်ခြင်း အား ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask)မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်းမပြုရန်၊ အပြင်မှပြန်လာတိုင်း Mask ကို စနစ်တကျစွန့်ပစ်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက  နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူအားလုံးလိုက်နာကြပြီး ပူးပေါင်းပါဝင်ကြရန် အသိပေးနှိုးဆော်ခဲ့ပြီး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)