Pages

Pages

သာယာဝတီမြို့နယ်၌ လူငယ်များ ကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးတင်ဆက်



MNP - ဧပြီ   ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့တက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Online မှတစ်ဆင့် လူငယ်များကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားလှုပ်ရှားမှု အစီအစဉ်အဖြစ် အားကစားအကများကို အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် ပူးပေါင်း၍  Online မှထုတ်လွှင့်ရန်  ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့် အားကစားအကများသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်အတွက် ပြည်သူများ စိတ်အပန်းပြေစေရန်၊ လူငယ်လူရွယ်များ၊ သက်ကြီးကျန်းမာရေး လေ့လာလိုက်စားသူများနှင့် မိမိတို့ နေအိမ်၌ ကိုယ်လက်လှုပ်ရှားအားကစားများကို လိုက်ပါဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍  စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး အဆိုပါ အားကစားနည်း များကို Morning Fitness Dance အဖွဲ့ဝင် များက  ကပြခဲ့သည်။

အဆိုပါ အားကစားလှုပ်ရှား အစီအစဉ် ရိုက်ကူးမှုကို သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော We Love Tharyarwaddy Page တွင် Online မှတစ်ဆင့် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - သန့်ဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment