Pages

Pages

ကျောက်ဆည်မြို့ သစ်ကြီးတန်းရပ်ကွင်တွင် အသက် (၇၅) နှစ်အထက် သက်ကြီး ဘိုးဘွား (၂၀) ဦးအား ပူဇော်ကန်တော့ပွဲပြုလုပ်

 


MNP - ဧပြီ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ သစ်ကြီးတန်းရပ်ကွက်တွင် ယနေ့နံနက်(၉)နာရီက အသက် (၇၅) နှစ်အထက် သက်ကြီးဘိုးဘွား (၂၀) ဦးအားရပ်ကွက်ဓမ္မာရုံတွင် ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့် သက်ကြီးဘိုးဘွားများ၊ ရပ်မိ/ရပ်ဖများ၊ စေတနာရှင်အလှူရှင်များက နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ကြပြီး လယ်ပြင်ကျောင်းတိုက်မှ ဘဒ္ဒန္တဩဘာဆရာတော်ကြီးထံမှ ရေစက်ချ တရားနာယူကြပြီး သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေး အတွင်းရေးမှူး ဦးစိုးကိုကိုက သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရေးနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသက်အသက် (၇၅) နှစ်အထက် အဘိုး (၄) ဦး၊ အဘွား (၁၆) ဦး၊ စုစုပေါင်း (၂၀) ဦးတို့အား တစ်ဦးလျင်ငွေကျပ် (၄) သောင်းငါးထောင်ဖြင့် စုစုပေါင်းငွေကျပ် (၉) သိန်းကျပ်အား အဘိုးအဘွားများ လက်ဝယ်အရောက် ပူဇော်ကန်တော့ခဲ့ကြပြီး သက်ကြီးဘိုးဘွားများ ကိုယ်စား အဘိုးဦးအောင်ကြီးက ဆုတောင်းမေတ္တာပို့စကားများ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment