ဇီးကုန်းမြို့နယ်တွင် အန္တရာယ်ကင်းရှင်းစေရန် သံဃာတော်များမှ ပရိတ်တရားတော်များအား မြို့နယ်အတွင်း လှည့်လည်ရွတ်ဖတ်ပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် အန္တရာယ်ကင်းရှင်းစေရန် သံဃာတော်များမှ ပရိတ်တရားတော်များအား မြို့နယ်အတွင်း လှည့်လည်ရွတ်ဖတ်ပူဇော်

 



MNP - ဧပြီ    ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ပြည်သူများ ဘေးအန္တရာယ်များ ကင်းရှင်းစေရန်အတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်သံဃနာယက ဆရာတော်များမှ မော်တော်ယာဉ်များဖြင့် မြို့နယ်အတွင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ် ပူဇော်၍ ပရိတ်ရေများ ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ဗဟိုဝန်ဆောင် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ သမားတော် ကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တတေဇဝန္တနှင့် မြို့နယ်သံဃနာယက ဆရာတော်များက မော်တော်ယာဉ်နှစ်စီးဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ပရိတ်တရားတော်များကို မြို့နယ်အတွင်း လှည့်လည်ရွတ်ဖတ် ပူဇော်ပေးခဲ့ပြီး မီးသတ်ယာဉ်ဖြင့် ပရိတ်ရေများကို ပက်ဖြန်းပေးခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များမှ ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ကလည်း ဆရာတော်သံဃာတော်များက မြို့နယ်အတွင်းရှိ ရပ်ကွက်တိုင်း လမ်းတိုင်းတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များကို သက်ဆိုင်ရာ အပိုင်းအလိုက် လိုက်လံရွတ်ဖတ် ပူဇော်ပေးခဲ့ကြောင်း သိရသည်။

သတင်း - တင့်ဆွေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)