Pages

Pages

မောင်တောမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

















MNP ၊ ဧပြီ   ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ၁၃၈၃-၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို  ယနေ့ ညနေ ၅ နာရီအချိန် ကညင်တန်းရပ်ကွက်ရှိ ဗဟိုလ်မဏ္ဍပ် တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် နှင့် နံ့သာသွေးပြိုင်ပွဲများတွင်  အဘက်ဘက်မှ ဝိုင်းဝန်း ကူညီ ဆောင် ရွက်ပေးခဲ့ကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ  တာဝန်ရှိသူများက ဂုဏ်ပြု အမှတ် တရ လက်ဆောင် များ ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌက  နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကား ပြော ကြား ခဲ့သည်။ ထို့နောက် ရိုးရာယဉ်ကျေးမှု အဖွဲ့များက အကအလှများဖြင့် ဖျေိာ်ဖြေခြင်း ၊ တေးသံရှင်များ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ပြည်သူများက တစ်ပျော်တစ်ပါး ပါဝင် ဆင်နွှဲခဲ့ကြကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment