ကျိုင်းတုံ၌ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲများ ကျင်းပ၍ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံ၌ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲများ ကျင်းပ၍ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်






MNP - ဧပြီ    ၁၈

၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ယမန်နေ့နံနက် ၇ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းရွာရှိ ကျိုင်းဖောင်းချောင်းတွင် ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပရာ ကျိုင်းတုံမြို့ သီလဓမ္မဓမကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘန္တဒ္ဒ ကောဝိဒ(ဝစီပိတ်) ကြွရောက်၍  ဇီဝိတဒါနကုသိုလ်ပြုလုပ်ကြောင်း သိရသည်။

အခမ်းအနား၌ ဆရာတော် ဘန္တဒ္ဒကောဝိဒ အမှူးပြုသည့် ဆရာတော်သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်ဇနီး ရှမ်းပြည်နယ် အစိုးရအဖွဲ့အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်ဇနီး၊ ဌာနဆိုင်ရာများက ငါးကောင်ရေ (၆၅၀၀)ကို ကျိုင်းဖောင်းချောင်းအတွင်း ဇီဝိတဒါနအဖြစ် လွတ်ပေးခဲ့သည်။

ဆက်လက်၍ နံနက် ၉ နာရီတွင် မြို့တော်ခန်းမ၌  သက်ကြီးပူဇော်ပွဲကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်ဇနီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်ဇနီး ဌာနဆိုင်ရာများက ကျိုင်းတုံမြို့မှ အသက်(၇၅)နှစ်အထက် အဖိုး(၂၀)ဦးနှင့် အဖွား(၂၇)ဦးတို့အား တစ်ဦးလျှင်ပစ္စည်းတန်ဖိုးတစ်သောင်းကျပ်နှင့် ငွေသားသုံးသောင်းကျပ်စီ ပူဇော်ကန်တော့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများကလည်း အဘိုးအဘွား တစ်ဦးချင်းစီကို ငွေသားများ ထောက်ပံ့လှုဒါန်းကြသည်။

ထို့အပြင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊  အမှတ်(၃) တပ်မတော်ဆေးရုံ ကုတင်(၃၀၀)၊ အမှတ် (၁၂) စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့် ဆေးကုသရေးအဖွဲ့၊ ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးတို့မှ ပါရဂူ၊ ဆရာဝန်၊ သူနာပြုများက အဘိုးအဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်နိုင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)