မြို့သစ်မြို့ မြို့ဦးလမ်းအုတ်ရေမြောင်း ပြုလုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့ မြို့ဦးလမ်းအုတ်ရေမြောင်း ပြုလုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး


MNP - ဧပြီ   ၁၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့တွင်းလမ်းများနှင့် တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ မြို့သစ်မြို့ မြို့ဦးလမ်းအုတ်ရေမြောင်း ပြုလုပ်ခြင်းကို ဖေဖော်ဝါရီ လဆန်းပိုင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

မြို့ဦးလမ်းအုတ်ရေမြောင်းအရှည် (၁၁၇၀)ပေ၊ အကျယ်(၂ဒသမ၅)ပေ၊ အမြင့်(၂ဒသမ၅)ပေ၊ ပြုလုပ်ခြင်းကို ၂၀၂၁/၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့် ပြုရန်ပုံငွေ (၂၆ ဒသမ ၈၅) ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်းများတူးဖော်ခြင်း၊ အမှိုက်သရိုက် များ ကင်းစင်စေရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အများပြည်သူ သွားလာရေး အဆင်ပြေစေရန် ကတ္တရာလမ်းခင်းခြင်း၊ ပြုပြင်ခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း - သန်းဝင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)