Pages

Pages

သထုံမြို့နယ်တွင် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ပြည်သူများအား မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး






MNP ၊  ဧပြီ  ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်းရှိ ရှင်သာမဏေများ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြန်မာနှစ်ဆန်းတစ်ရက်နေ့(ယမန်နေ့)မွန်းလွဲပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ ယမန်နေ့က နောင်ကုလားကျေးရွာ၊ နောင်ကုလားဘုရားလေးစာသင်တိုက်မှ ရှင်သာမဏေ ၂၀ ပါးတို့အား ထိုးနှံပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သုဝဏ္ဏဝတီမြို့ တောင်ကြားရပ်ကွက်၊ သရဂ္ဂါရာမစာသင်တိုက်မှ ရှင်သာမဏေများ၊ ကျောင်းတိုက်နေ လူငယ်များတို့အား ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment