ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးကြီးတွင် သင်္ကြန်အကြိုဈေးရောင်း/ ဈေးဝယ်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးကြီးတွင် သင်္ကြန်အကြိုဈေးရောင်း/ ဈေးဝယ်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား





MNP - ဧပြီ    ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးကြီးတွင် သင်္ကြန်အကြိုနေ့မတိုင်မီရက်ဖြစ်သည့်၊ ယမန်နေ့ နံနက်ပိုင်းက သင်္ကြန်ကာလ အလှူအတန်းပြုလုပ် ရန်ဈေးဝယ်သူများ သင်္ကြန်အကြို အတာအိုး/အတာပန်း ရောင်းသူ/ဝယ်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလတွင် မြို့မစည်ပင်သာယာဈေးကြီးနှင့် တမ္ပဝတီဈေးသစ်ကြီးတို့မှာ ပိတ်ထားမည်ဖြစ်သည့်အပြင်၊ သင်္ကြန်ကာလအတွင်း တောလက်ကျေးရွာများမှ ဈေးကားများ အခက်အခဲဖြစ်မည်ဖြစ်သဖြင့် မြို့မစည်ပင်သာယာဈေးကြီးတွင် သင်္ကြန်မတိုင်မီ စားသောက်ဖွယ်ရာများ ကြိုတင်ဝယ်ယူခြင်း၊ အလှူအတန်းပြုလုပ်ရန် ဝယ်ယူခြင်းနှင့် သင်္ကြန်အကြိုအတာအိုး/အတာပန်း ဝယ်ယူသူ/ရောင်းချသူများဖြင့် တိုးမပေါက်အောင် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိကြောင်းသိရသည်။ “သင်္ကြန်ရက်ဈေးကြီးကပိတ်မှာဆိုတော့ ဝယ်စရာရှိတာ ကြိုဝယ်ကြတဲ့ သူတွေကများတယ်ပြီးတော့ သင်္ကြန်တွင်းမှာ အလှူ အတန်းလုပ်မဲ့သူတွေ နှစ်ဆန်းတစ်ရက်နေ့မှာ အလှူအတန်းလုပ်မဲ့သူတွေနဲ့ အိမ်မီးဖိုခြောင်အတွက် ကြိုတင်ဝယ်သူတွေနဲ့ အမျိုးမျို ပေါ့ နောက်ပြီး မြန်မာ့ရိုးရာသင်္ကြန်အကြို အတာအိုးနဲ့ အတာပန်းကလည်း ဒီရက်မှ စရောင်းကြတာလေ အရင်ဈေးသည်မဟုတ်တဲ့သူတွေကလည်း ဗန်းလေးခင်း ပန်းလေးခင်းပြီး ရောင်းကြတာပဲ ဘာလို့ဆို အတာပန်းက ထွေထွေထူးထူးရှာစရာမလိုဘူး သပြေသုံး/လေးညွန့်ရယ် အုန်းညွန့်ရယ် တမာရယ် မေမြို့ပန်းလေးလေး/ငါးပွင့်ရယ် ဒါန်းညွန့်သီးညွန့်တွေပေါ့။ အများဆုံးကတော့ တမာခက်/ တမာပန်းပေါ့လေ ဈေးကတော့မများပါဘူး တစ်စီးမှသုံးရာကျပ်အတာအိုးက တစ်လုံး(၄၀၀)ပါပဲ ကျန်တာတွေကတော့ အကုန်ဈေးတက်တယ်” ဟု တွင်းဖြူကျေးရွာမှ ဈေးဝယ်လာသူတစ်ဦးက ပြောပါသည်။

သတင်း - နေအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)