Pages

Pages

ငွေဆောင်ကမ်းခြေ၌ သင်္ကြန်အတက်နေ့တွင် အပန်းဖြေ လာ‌ရောက်သူများဖြင့် စည်ကား




MNP - ဧပြီ    ၁၆

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေ၌ ဧပြီ ၁၆ ရက် သင်္ကြန်အတက်‌နေ့တွင် သင်္ကြန်နောက်ဆုံးရက်ဖြစ်သည်နှင့်အညီ အပန်းဖြေသူများဖြင့် ပိုမိုစည်ကားလျက်ရှိကာ စိတ်ချမ်းမြေ့စွာဖြင့်  အပန်းဖြေလျက်ရှိကြောင်း သိရသည်။

ထိုသို့ အပန်းဖြေသူများ စည်ကားလျက်ရှိသဖြင့် ဈေးရောင်းချသည့် ဒေသခံများ၊ ရေကစား ပစ္စည်းငှားရမ်းသူများအနေဖြင့် ဝင်ငွေ ပိုမိုရရှိလျက်ရှိကြောင်း၊ ယခင်နှစ်က လာရောက်သူနည်းပါးသည့်အတွက် ဈေးရောင်းဝယ်မှု မကောင်းခဲ့သော်လည်း ယခုနှစ်လာရောက်အပန်းဖြေသူ၊ တည်းခိုသူများ များပြားသည့်အတွက် ဈေးရောင်းဝယ်မှုကောင်းမွန်ကြောင်း၊ ပျော်ရွှင်ရကြောင်း ဒေသခံ ဈေး‌ရောင်းဝယ်သူများထံမှ သိရသည်။

ငွေဆောင်ကမ်းခြေသို့ သင်္ကြန်ရုံးပိတ်ရက် မတိုင်ခင်မှစ၍ နေ့စဉ်ဝင်ရောက်နေသူများရှိနေပြီး သင်္ကြန်အတက်နေ့(ယနေ့)တွင်လည်း နေ့ချင်းပြန်လာရောက်သူများ၊ တည်းခိုနေထိုင်၍ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကမ်းခြေသို့ လာရောက်အပန်းဖြေသူများ စိတ်ချမ်းမြေ့စွာအပန်းဖြေအနားယူနိုင်ရေး၊ အန္တရာယ်ကင်းရှင်းရေးတို့အတွက် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment