Pages

Pages

တပ်ကုန်းမြို့၌ အခြေခံပလပ်စတစ်ခြင်းထိုးနည်းကို ဆက်လက်သင်ကြားပေး



MNP  - ဧပြီ    ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်‌စေရန် ရည်ရွယ်၍ အ‌ခြေခံပလပ်စတစ်ခြင်းထိုးနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ(Community Centre) ခန်းမတွင် ဆက်လက် သင်ကြား ပေးခဲ့သည်။

“ဒီပလပ်စတစ်ခြင်းထိုးနည်းသင်တန်းမှာကတော့ သင်တန်းသား (၂၀)ဦး တက်ရောက်ပါတယ်၊ သင်တန်းနည်းပြဆရာ ဦးသန့်ဇင်‌အောင်က ခြင်းအလှတစ်ခြင်းဖြစ်အောင် တိုင်ပင်(၉)ပင်၊ ၄၅ လက်မအရှည်၊ ဖောက်ပင်(၁၇)ပင်၊ ၃၃လက်မအရည်၊ ပတ်ပင်(၁၇)ပင်၊ ၃၅လက်မအရှည် ၊ကွင်း အသီး(၃)ပင်၊ ၂၇လက်မအရှည်၊ ကိုင်းကွင်း ၄ပင်၊ ၃၇လက်မရှိ ပလပ်စတစ်ကော်ပြာကြိုးရောင်စုံ များနဲ့ ပလပ်စတစ်ခြင်းထိုးနည်း အခြေခံမှအစ စာတွေ့၊လက်တွေ့ သင်ကြားပေးပါတယ်၊ နည်းပြ ဆရာသင်ကြားပေးတဲ့နည်းလမ်းအတိုင်း သင်တန်းသားများ အကုန်လုံးခြင်းထိုးနည်းအတတ်ကို ရကြပါတယ်ရှင့်၊အခုလို အိမ်မှာနေရင်နဲ့အပိုဝင်ငွေရရှိအောင် အတတ်ပညာသင်တန်းဖွင့်လှစ်ပေးတဲ့ ဌာနကိုလည်းကျေးဇူးတင်ပါတယ်”ဟု ပလပ်စတစ်ခြင်းထိုးနည်းသင်တန်း တက်ရောက်သည့် သင်တန်းသူတစ်ဦးက ပြောပြသည်။    

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းနှင့် (Community Centre)ခန်းမတို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊တီထွင်ကြံဆကာ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရန်နှင့်ပြည်သူ့ စာကြည့်တိုက်ကို ပိုမိုရင်းနှီးလာစေရန် ပြပွဲ၊ ပြိုင်ပွဲများနှင့် သင်တန်းများကို လစဉ်ကျင်းပ ဆောင် ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment