Pages

Pages

ခင်ဦးမြို့တွင် ခရီးသွားများအား နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သွားလာရေး စစ်ဆေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ




MNP ၊ ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ခရီးသွားများနှင့် ဈေးဝယ်သွားလာသည့် ပြည်သူများအား ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ကိုင်ဆောင်သွားလာရေး စစ်ဆေးခြင်း၊ အသိပညာပေး ဆွေးနွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဧပြီလ ၅ ရက် နံနက် ၈ နာရီက မြို့ဝင်ဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ များက ခရီးသွားပြည်သူများအနေဖြင့် ခရီသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ကိုင်ဆောင် သွားလာမှုရှိစေရန် စစ်ဆေးခြင်း၊ မှတ်ပုံတင်မရှိသေးပါက သက်ဆိုင်ရာမြို့နယ်များတွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးလျက်ရှိကြောင်း၊ ယာဉ်မောင်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပါရှိမှသာ ခရီသည်များအား တင်ဆောင်ခြင်းပြုကြရန် ဧပြီလ ၁ ရက်နေ့က စတင်ပြီး အသိပညာပေးဆွေးနွေးလျက် ရှိသည်။

ဆက်လက်ပြီး ခရီသွားများနှင့် ဈေးဝယ်သွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးပါက စိစစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ တို့က စစ်ဆေးရေးဂိတ်တွင် တစ်ခါတည်း ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - စိုးဝေအောင်(ခင်ဦး)

Myanmar National Post

No comments:

Post a Comment