Pages

Pages

ဒုံဝန်းကျေးရွာ၌ နှစ်ဦးပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ စုပေါင်းကျင်းပ







MNP ၊  ဧပြီ  ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခု နှစ်၏ နှစ်ဦးအန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို အဆိုပါကျေးရွာ ရွာကြီးပိုင်း ရပ်ကွက်(၂၊ ၃၊ ၄)လမ်းဆုံ၌ ယမန်နေ့ ညနေပိုင်းက စုပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


ပရိတ်တရားတော်နာယူရာတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်အရှင်သူမြတ်များ ဟောကြားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို ကျေးရွာသူကျေးရွာသားများက ပရိတ်ပန်းအိုး၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်ဆန်၊ ပရိတ်သဲများနှင့်အတူ နာယူတော်မူကြပြီးနောက် ကုသိုလ်ကောင်းမှုအစုစုတို့အား မေတ္တာပို့ အမျှအတန်းပေးဝေခဲ့ကြသည်။


ထို့နောက် ရပ်မိရပ်ဖများနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများတို့က ဆရာတော်၊သံဃာတော်အရှင်သူမြတ်များအား  လှူ ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။


ဒုံဝန်းကျေးရွာ၌ နှစ်စဉ်တိုင်းပြုလုပ်မြဲ နှစ်ဦးအန္တရယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲများကို ရပ်ကွက်(၁)ရွှေ

ကြာရံဘုရားလမ်းနှင့် ဒုံဝန်းဘိုးဘိုးကြီးလမ်းဆုံ၊ ရပ်ကွက်(၆)ဒုံဝန်းရွာအဝင်လမ်းဆုံနှင့် ရွာလေးပိုင်း ရပ်ကွက် (၇-၈)လမ်းဆုံ တို့တွင်လည်း ရပ်မိရပ်ဖများက ဦးဆောင်ကာ ရပ်ကွက်သူ၊ ရပ် ကွက်သားများမှ စုပေါင်းပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment