နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ နေကြာစိုက်မည့် တောင်သူများအား နေကြာမျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ နေကြာစိုက်မည့် တောင်သူများအား နေကြာမျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကျင်းပ



MNP - ဧပြီ   ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ နေကြာစိုက်မည့်တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နတ်မောက်မြို့နယ် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ နေကြာမျိုးဖြစ်သည့် စပ်မျိုးနေကြာ (၁) နှင့် (၂) တို့သည် မျိုးစေ့ထုတ်နေကြာဖြစ်ပြီး   နတ်မောက်မြို့နယ်တွင် ရွာမွန်ကျေးရွာအုပ်စု မြေဧက(၇၀)နှင့် တောင်ထောင့်ကျေးရွာအုပ်စုမြေဧက (၂၀) တို့ကို နေကြာမျိုးစေ့ ထုတ်လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ နတ်မောက်မြို့နယ်တွင် ကျေးရွာ   (၆၉)အုပ်စုအား ဆင်းရွှေနေကြာ(၂)ကို မြေတစ်ဧကလျှင် နေကြာမျိုးစေ့တစ်ပြည်နှုန်း နေကြာစိုက်ပျိုးမည့်   တောင်သူများအား ထုတ်ပေး သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်ဆီထွက်သီးနှံစိုက်ပျိုးမည့် မိုးတွင်းကာလတွင် နေကြာစိုက်ပျိုးမည့် ဧက (၃၇၆၈၉) နှင့် ဆောင်းတွင်းကာလတွင်နေကြာစိုက်ပျိုးမည့်ဧက (၁၄၇၀၀) စုစုပေါင်း (၅၂၃၈၉)ဧကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးထွန်းအောင်ဇော်က နေကြာစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်သည့်အကြောင်းအရာများ ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက တက်ရောက်လာကြသည့် ကျေးရွာ တာဝန်ခံ စိုက်ပျိုးရေး တောင်သူများအား မိုးနေကြာသီးညှပ်စိုက်ပျိုးရေးအတွက် ဆင်းရွှေနေကြာ (၂) ကို အုပ်စုအလိုက်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - လှဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)