သာစည်မြို့ လူထုအခြေပြု ဗဟိုဌာန၌ အေရိုးဗစ်သင်တန်းဆင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့ လူထုအခြေပြု ဗဟိုဌာန၌ အေရိုးဗစ်သင်တန်းဆင်းပွဲ ပြုလုပ်

 


MNP -  ဧပြီ  ၁၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးတို့ ပူးပေါင်း၍ သာစည်မြို့လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သော အေရိုးဗစ်သင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါခန်းမ၌ပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဦးစီးအရာရှိ ဒေါ်သင်းသင်း(တာဝန်ပေး)က သင်တန်းဆင်း အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြား သည်။ ဆက်လက်ပြီး ဦးစီးအရာရှိက သင်တန်းနည်းပြ ဆရာမဒေါ်အေးမြတ်ကြည်ဦးအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။ ထို့နောက် မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာနမှ တာဝန်ခံဦးတင်မောင်ဝင်းက သင်တန်းသားများအတွက် ဌာနမှလှူဒါန်းသော သင်တန်း ဆင်းဝတ်စုံများကို ဦးစီးအရာရှိထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဧပြီ ၁ ရက်မှ စတင်၍ ၁၀ ရက်ကြာဖွင့်လှစ်ခဲ့ပြီး လူထုအခြေပြု ဗဟိုဌာန ခန်းမ၌ အခြားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်သင်းသင်း(တာဝန်ပေး)ထံက သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)