Pages

Pages

အောင်လံ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ




MNP - ဧပြီ   ၂၆


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ  တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်က အမှာစကား ပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သည့် လယ်ယာမြေကဏ္ဍအတွက် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သားငါးကဏ္ဍအတွက် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သစ်တောကဏ္ဍအတွက် မြို့နယ်သစ်တော ဦးစီးဌာန၊ လျှပ်စစ် ကဏ္ဍအတွက် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်း၊ ဆောက်လုပ်မှု ကဏ္ဍအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရေအရင်းမြစ် ဦးစီးဌာန၊ ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ကျေးလက် လမ်းဦးစီးဌာန၊ ငွေကြေးကဏ္ဍအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ  တာဝန်ပေးအပ်ခဲ့သည်။


ဆက်လက်၍ အောင်လံမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ဦးက ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment