သီပေါမြို့နယ်တွင် “ကြယ်စင်များဆီသို့နှင့်အာလူငယ် ဝတ္ထုတိုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် “ကြယ်စင်များဆီသို့နှင့်အာလူငယ် ဝတ္ထုတိုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်



MNP -  ဧပြီ   ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉နာရီ က   ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိ လာစေရန်၊ စာပေမှရရှိသည့် အသိပညာ ဗဟုသုတများကို သူတစ်ပါးအား ပြန်လည်မျှဝေ နိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာရေးသူ ဩမြတ်မေကို ရေးသားထားသည့် “ကြယ်စင်များ ဆီသို့နှင့်အာရှလူငယ် ဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဦးဆောင် ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကာ (Youth Club) လူငယ်အသင်းအဖွဲ့ဝင်များ ဖြစ်ကြသည့် နန်းဆိုင်မွန်း၊ နန်းခမ်းလူ၊နန်းညွန့်အောင်၊မလွင်မေခန့်တို့က စာအုပ်ပါ အကြောင်းအရာ များ အနက်မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ် တစ်ခုခြင်းအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်မြတ်နိုးသူများအသင်း         (Book Club)၊  အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း(Youth Club) စသည့် အသင်းအဖွဲ့များ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာရေးဆရာများနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ များကို လစဉ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)