Pages

Pages

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့သူ ရေကစားမဏ္ဍပ်သို့ အိန္ဒိယကောင်စစ်ဝန်နှင့် မိသားစုများ၊ တရုတ်ကောင်စစ်ဝန်နှင့် မိသားစုများ သွားရောက် ကြည့်ရှုအားပေး



MNP ၊ ဧပြီ ၁၆

မြန်မာရိုးရာအတာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်သည့် ယနေ့တွင် အိန္ဒိယ ကောင်စစ်ဝန် Mr. Neeraj Kumar Consul General Consulate General of India, Mandalay နှင့် အဖွဲ့ဝင်များသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့သူ ရေကစားမဏ္ဍပ်နှင့် အခြားရေကစားမဏ္ဍပ်များသို့ သွားရောက်လည်ပတ်၍ ရေကစား မှုများကို ကြည့်ရှုအားပေးကြပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြ သည်။

ဦးစွာ အိန္ဒိယကောင်စစ်ဝန်နှင့် အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြပြီး ယိမ်းအဖွဲ့များ၏ သင်္ကြန်ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ကောင်စစ်ဝန် နှင့် အဖွဲ့ဝင်များသည် မဏ္ဍပ်၌ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြပြီး တိုင်းစစ်ဌာနချုပ်အတွင်းရှိ သင်္ကြန်မဏ္ဍပ်များသို့လည်း လှည့်လည်ကြည့်ရှု အားပေး ကြသည်။

အလားတူ ယနေ့ညနေပိုင်းတွင်လည်း တရုတ်ကောင်စစ်ဝန်နှင့် မိသားစုဝင် များက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်သို့ လာရောက်လာလည်ပတ် ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment