MNP - ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသည့် ပြည်သူများအား ကာကွယ်ဆေးများ ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆေးထိုးနေရာများခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ယခင်က ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့တော်ခန်းမတစ်ခုတည်းတွင်သာ ဆောင်ရွက်ခဲ့သော် လည်း ဧပြီလ(၁)ရက်နေ့မှစ၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရန်ရည်ရွယ်၍ ကသာမြို့ရှိ မြို့တော်ခန်းမ၊ မြို့အဝင် အထွက်စစ်ဆေးရေးဂိတ်၊ ကျောက်တိုင်ကွင်းဆိပ်နှင့် ဈေးများတွင် ဆေးထိုးနေရာများထားရှိပြီး ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ် အဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် လုံခြုံရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment