မွန်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ကျောင်းဝင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ကျောင်းဝင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး



MNP - ဧပြီ    ၃၀

မွန်ပြည်နယ် မော်လမြိုင် မြို့နယ်တွင် မကြာမီကာလအတွင်း တက္ကသိုလ်ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် တက္ကသိုလ် ကျောင်းဝင်းအတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက် ၆နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်   ပြည်နယ်အစိုးရအဖွဲ့၏  ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်/ပင်၊ထွေ/အုပ်၊လျှပ်စစ်၊ ဘိုဘိုဝင်းလူမှု ကယ်ဆယ်‌ရေးအဖွဲ့၊ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ၊ NGOများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ စုစုပေါင်း အင်အား(၃၂၀)ဦးခန့်ဖြင့် တက္ကသိုလ်‌ကျောင်းဝင်းအတွင်းရှိ မြက်ပင်များ၊ ချုံနွယ်များ၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား စုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှူ့ပြီး အားပေးစကား ပြောကြားကာ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ် စနေနေ့တိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)