Pages

Pages

လွိုင်လင်မြို့နယ် နွေရာသီ အခြေခံပန်းချီသင်တန်းဖွင့်လှစ် သင်ကြား




MNP - ဧပြီ   ၂၀

နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ စိတ်ပျော်ရွင်စွာနှင့် အခြေခံပညာရပ်တစ်ခု တတ်မြောက်စေရန် ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ Youth Club နှင့် ပူးပေါင်း၍ အခြေခံပန်းချီသင်တန်းကို ယနေ့နံနက် ၁၀ နာရီက လွိုင်လင်ခရိုင်ရုံး Community Centre  ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးသည်။

သို့ ကျောင်းသား/ကျောင်းသူ ၃၀ ဦး တက်ရောက်လျက်ရှိရာ သင်တန်းကို ဧပြီလ ၃၀ ရက်နေ့အထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - လွိုင်လင်မိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment