မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်၍ ခရီးသွားလာကြရန် အသိပညာပေးစစ်ဆေးခြင်းကို မြို့အဝင် စစ်ဆေးရေးဂိတ်နေရာများတွင် နေ့စဉ်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့စစ်ဆေးရာတွင် ခရီးသွားပြည်သူများ မော်တော်ဆိုင်ကယ်များ မော်တော်ယာဉ်များ ခရီးသွားလာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိမရှိမေးမြန်းခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မိမိနှင့်အတူ ကိုင်ဆောင်၍ ခရီးသွားလာကြရန် အသိပညာပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ကျော်ဇေယျဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment