Pages

Pages

မြဝတီမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



MNP ၊ ဧပြီ  ၁၀

ဧပြီလ ၉ ရက်နေ့ ၁၃၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် အနန္တသုခလမ်းဘက်မှ အမှတ်(၄)ရပ်ကွက်ဘက်သို့ မသက်မာစိုး(ခ)စိုးစိုး မောင်းနှင်သည့် မော်တော်ဆိုင်ကယ်နှင့် ဇော်ဇော်ထွန်း မောင်းနှင်ပြီး ဇော်လတ် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဇော်ဇော်ထွန်း နှင့် ဇော်လတ် တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၂၉၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ၎င်းတို့ အတူတကွ သယ် ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

အလားတူ ယင်းနေ့ ၁၄၃၀ အချိန် ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ သုခလမ်းတွင် ကောင်းဆက်လွင်(ခ)မောင်ကောင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၁၅၀၀ အချိန် ၎င်းနေထိုင်သည့် အမှတ်(၃) ရပ်ကွက်၊ အနော်ရထာလမ်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၂၅၀ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၂၃၄၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါသိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေး    ပြားများနှင့် စပ်လျဉ်း၍ မသက်မာစိုး(ခ)စိုးစိုး(၂၉)နှစ်၊ ဇော်ဇော်ထွန်း (၃၀)နှစ်၊ ဇော်လတ်(၃၈)နှစ်နှင့် ကောင်းဆက်လွင်(ခ)မောင်ကောင်း(၂၇)နှစ်တို့အား မြဝတီမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment