MNP ၊ မတ် ၃
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပညာပေးနှိုးဆော်ခြင်းကို မတ်လ(၂)ရက်နေ့ ညနေ (၅) နာရီကမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဖြိုးနိုင် ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် နွေရာသီရောက်ရှိလာပြီးဖြစ်ပါ၍ မီးဘေးအန္တရာယ်မကျရောက်စေရန် လျှပ်စစ်မီး၊ လျှပ်စစ်မီးဖို၊ထင်းမီးဖိုမီး၊ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေမီးများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျ ငြှိမ်း သတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသောလျှပ်စစ်ဝါယာကြိုးများကို အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန်၊နေအိမ်များ၊ရုံးအဆောက်အဦးများတွင်မီးချိတ်၊မီးကပ်၊သဲအိတ်၊ ရေအိတ်၊မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အားဆောင်ရွက် ထားရှိရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် စသည့်အသိပညာပေး နှိုးဆော်ခြင်းများကို အပတ်စဉ်စနေနေ့ တိုင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းထံမှသိရသည်။
သတင်း - သိန်းဖေ
https://t.me/MyanmarNationalPost

No comments:
Post a Comment