Pages

Pages

တပ်ကုန်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကာလ အေရိုးဗစ်အားကစားသင်တန်း (အခမဲ့) ဖွင့်လှစ်



MNP - ဧပြီ    ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမ တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာ‌ရေး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး နွေရာသီကာလကျောင်းပိတ်ရက် အေရိုးဗစ်အားကစား သင်တန်းကို ဧပြီလ ၁ ရက်နေ့မှစ၍ ၁၀ ရက်နေ့ထိ နေ့စဉ်ညနေ ၄ နာရီမှ ၅ နာရီထိ လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်အတွင်း အေရိုဗစ် အားကစားကို စိတ်ပါဝင်စားလာပြီး အခြေခံမှ စ၍နည်းစနစ်တကျ လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေကာ ကျောင်းသား၊လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် မိမိတို့ဝါသနာပါရာ အေရိုးဗစ် အားကစားနည်းကို အခြေခံမှစ၍ စနစ်တကျ ကျွမ်းကျင်တတ်မြောက်ပြီး သက်တမ်းအလိုက် တစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ် လေ့ကျင့်ယှဉ်ပြိုင်ခြင်းနှင့် တစ်ဦးချင်းစီ၏ အားကစားအဆင့်အတန်း မြင့်မားလာပြီး နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာရေး ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် အ‌ခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ စုစု‌ပေါင်း(၂၁)ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment