Pages

Pages

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး




MNP - ဧပြီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ဧပြီ(၂၁)ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်း စားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှင့်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဘဏ်ရုံးအဝင်တွင် လက်ဆေးဘေစင်၊ လက်သန့်ဆေးရေများ၊ လက်ဆေးဆပ်ပြာများထားရှိပေးခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာဘဏ်ရုံးအတွင်းဝင်ရောက်စေခြင်း၊  တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာတွင်စီစဉ်ထားရှိပြီး  အငြိမ်းစားဝန်ထမ်းများ  ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်တွင် အများသူငှာ ရုံးပိတ်ရက်မှအပ  ရုံးဖွင့်ချိန်များတွင်  ထုတ်ပေးလျက်ရှိပြီးဧပြီ(၂၁)ရက်နေ့မှဧပြီ (၂၂)ရက်နေ့ အထိ အငြိမ်းစား ပင်စင် ဝန်ထမ်း(၆၂၀)ဦးအား ငွေကျပ်(၆၆၀၆၂၉၀.၇) ကျပ်အား ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် လစာထုတ် ရက်မတိုင်မီအထိ နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၃)နာရီထိ  လူစုလူဝေးမဖြစ်ပေါ်စေရန်  စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ညိုညိုဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment