Pages

Pages

မူဆယ်နယ်စပ်နန်းတော်ဂိတ်အတွင်းသို့ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်




MNP - ဧပြီ   ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မူဆယ်နယ်စပ်နန်းတော်ဂိတ်အတွင်းသို့ တရုတ်နိုင်ငံဘက်မှ ရွှေ့ပြောင်းအလုပ်သမားမြန်မာနိုင်ငံသားများက ယမန်နေ့နံနက် ၁၂ နာရီအချိန်က မိမိမွေးရပ်မြေသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်ရာတွင် တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ကြောင့် အလုပ်စက်ရုံများနားထားရသဖြင့် စားဝတ်နေရေးကြပ်တည်းမှုများ ဖြစ်ပေါ်လာသဖြင့် မိမိမွေးရပ်မြေဖြစ်သော မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ မြန်မာနိုင်ငံသား ယောင်္ကျာလေး (၈၇)ယောက်၊ မိန်းကလေး (၉၃)ယောက် စုစုပေါင်း (၁၈၀)ယောက် ယနေ့မူဆယ်နန်းတော်ဂိတ်တွင် လက်ခံဝင်ရောက်ခဲ့ကြောင်းသိရသည်။

သတင်း - ချယ်ရီမြေ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment