Pages

Pages

သာပေါင်းမြို့နယ်တွင် မဟာသင်္ကြန်အကျနေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားသူများဖြင့်စည်ကား

 



MNP - ဧပြီ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၁၃၈၃ ခုနှစ် ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့ မဟာသင်္ကြန်အကျနေ့တွင် ဗဟိုရေကစားမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များ၌ ပြည်သူများ အေးချမ်း ပျော်ရွှင်စွာ ရေကစားကြ စတုဒိသာကျွေးသူများဖြင့် ရိုးရာမပျက် စည်ကားလျက်ရှိသည်။

နှစ်သစ်ကူးမြန်မာ့ရိုးရာ မဟာသင်္ကြန် အချိန်ကာလတွင် မြို့နယ်အတွင်း ဥပုသ်သီတင်းသီလစောင့်တည်ကြသူများ၊ တရားစခန်းများ၌လည်း တရားဘာဝနာပွားများကြသူများ၊ ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ် များ၌ ပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ရေကစားကြ စတုဒိသာကျွေးသူများဖြင့် ရိုးရာမပျက် စည်ကားလျက်ရှိသည်။

မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်အေးချမ်းသာပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ပူးပေါင်းအဖွဲ့အစည်းများဖွဲ့စည်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သတင်း - မျိုးဇော်သိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment