သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်



MNP -  ဧပြီ  ၁၀

ကျောင်းသား၊ ကျောင်းသူလေးများ စာပေဖတ်ရှုရာတွင် အဖြတ်အတောက်မှန်ကန်ပြီး အသံထွက်မှန်မှန်ကန်ကန်ဖြင့် စာဖတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်း (တာဝန်ပေး)က  ပြိုင်ပွဲပြုလုပ်ရခြင်း  ရည်ရွယ်ချက်များကို   ပြောကြားသည်။   ဆက်လက်ပြီး မောင်းတိုင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက   စာရေးဆရာမကြီး  လူထုဒေါ်အမာ ရေးသားသော သမီးမိန်းကလေး နှင့် မမလေးတို့ထဘီ  ဆောင်ပါးနှစ်ပုဒ်ကို ဖတ်ရှုယှဉ်ပြိုင်ကြသည်။  ထို့နောက် စာဖတ်စွမ်းရည်

ပြိုင်ပွဲကိုအကဲဖြတ်ပေးသော မြို့နယ်မှ စာရေးဆရာများက ကျောင်းသား/သူလေးများ၏  စာဖတ်စွမ်းရည်နှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ပြောကြားကာ  စာဖတ်စွမ်းရည်  တိုးတက်လာစေရန် လိုက်နာရမည့် အချက်များကို လမ်းညွှန်ပေးခဲ့ကြောင်းသိရသည်။ ၎င်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များနှင့် ကျောင်းစာကြည့်တိုက်တွင် အသုံးပြု နိုင်ရန် သုတရသစာအုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မှ စာရေးဆရာများ ဆရာ/မများနှင့် ကျောင်းသားမိဘများ၊ ပြိုင်ပွဲဝင်ကျောင်းသား/များနှင့် မြို့ပေါ်ကျောင်းများမှ  ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။   

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)