ပန်းတောင်းမြို့မင်းရပ်ရှိ မဟာသကျစိန္တာမုနိကြေးသွန်း မြတ်စွာဘုရားကြီး၏ အာရုံခံတန်ဆောင်း၌ (၃၆)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ အသံမစဲမဟာပဋ္ဌာန်း တော်မြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့မင်းရပ်ရှိ မဟာသကျစိန္တာမုနိကြေးသွန်း မြတ်စွာဘုရားကြီး၏ အာရုံခံတန်ဆောင်း၌ (၃၆)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ အသံမစဲမဟာပဋ္ဌာန်း တော်မြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ



MNP - ဧပြီ   ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရှိ မဟာသကျစိန္တာမုနိ ကြေးသွန်းမြတ်စွာဘုရားကြီး၏ အာရုံခံတန်ဆောင်း၌ (၃၆)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ အသံမစဲမဟာပဋ္ဌာန်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ပင့်သံဃာ(၁၅)ပါးနှင့် တရားနာပရိတ်သတ်တို့မှ ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ရောင်ခြည် တော်ဘွဲ့ ဘုရားရှိခိုး ဂါထာတော် ကို အသျှင်ပညောဘာသ(ရေဝိုင်းကျောင်း)မှ ၎င်းနတ်ဗြဟ္မာများဖိတ်ကြားဂါထာ‌တော်ကို အသျှင်မဏ္ဍလ (ဘုရားပေါ်ကျောင်း)မှ ၎င်းငါးပါးသီလချီးမြှင့်ခြင်းကို အသျှင်ဣဒ္ဓိမန္တ (အုဌ်ကျောင်း)မှ ၎င်း မဟာပဋ္ဌာန်းတော်မြတ်ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာဂါထာတော်ကို အသျှင်အဂ္ဂသာရ (ဘုရားပေါ်ကျောင်း)မှ ၎င်း ရွတ်ဖတ်ပူဇော်ပေးကြသည်။ 

ထို့နောက် ကြွရောက်တော်မူကြကုန်သော ဆရာတော်သံဃာတော်အသျှင်သူမြတ်တို့မှ ပဌာန်းပစ္စယုဒေဒသ (၃)ကြိမ်ရွတ်ဆို၍ ဘားစည်(၉)ချက် ကြေးစည်(၉)ချက်စီ တီးခတ်၍ ပဋ္ဌာန်းတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်း အစီအစဉ်စတင်ခဲ့ကြောင်း သိရ သည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)