Pages

Pages

ချောင်းဦးမြို့ စည်ပင်သာယာဈေးကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

 


MNP - ဧပြီ     ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့မြို့မစည်ပင်သာယာဈေးကြီးတွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကြည်သန့်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ကာကွယ်ဆေးထိုး အဖွဲ့ စုပေါင်းပြီး မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ်ရန် လာရောက်ကြသည့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပြီးစီးခြင်း ရှိ၊ မရှိ မေးမြန်းပြီး ကာကွယ်ဆေး ထိုးနှံပြီးခြင်းမရှိသည့် ပြည်သူ ၂၀၀ ကျော်အား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ယမန်နေ့ နံနက်ပိုင်းက စည်ပင်သာယာဈေးအတွင်းနှင့် ပြည်သူ့ဆေးရုံကြီး နေ့စဉ် ကာကွယ်ဆေး ထိုးနှံပေးနေသည့် စုရပ်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ရာ ပထမအကြိမ်အဖြစ် ပြည်သူ၅၅၀ ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ယခုအခါ ချောင်းဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီး သူ ၂၁၄၆၇  ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၁၅၇၁၂  ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

သတင်း - ဝင်းမြင့်အောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment