တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်

MNP - ဧပြီ    ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့် ခြင်းကို  ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် ယမန်နေ့ညနေ ၃ နာရီခွဲက ပြုလုပ်သည်။

ထိုသို့ အစမ်းလေ့ကျင့်ခြင်း ဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့က လိုက်လံ ကြည့်ရှုခဲ့ကြပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ဖွင့်ပွဲအခမ်းအနားကို ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေခြင်းများဖြင့် အစမ်း လေ့ကျင့်ကြသည်။

အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့ ၂၁ ဖွဲ့၏ ကပြဖျော်ဖြေမှုများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧပြီလ ၁၃ ရက် မှ ၁၆ ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း - ဇော်နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)