Pages

Pages

ချောက်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ပူးပေါင်း၍အာဟာရဒါန နှင့် သောက်သုံးရေလှူဒါန်း



MNP -  ဧပြီ  ၄

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ယမန်နေ့က မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ပူးပေါင်း၍ လူမှုရေးအကျိုးပြုလုပ်ငန်းများအနေဖြင့် အာဟာရဒါနကုသိုလ် နှင့် သောက်သုံးရေလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နံနက်စာအာဟာရဒါနကုသိုလ်အဖြစ် အမှတ်(၁၅)ရပ်ကွက်၊ မြေနီကုန်းရပ် ဇေယျာသီရိဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၁၉)ဦးအား ကြက်ဥ၊ ကွေကာအုတ်များလှူဒါန်းခြင်း၊ အမှတ် (၁) ရပ်ကွက်၊ ကျောက်တဲရပ်ရှိ ဘုန်းတော်ကြီးကျောင်းတွင်လည်း သောက်သုံးရေခက်ခဲမှု မရှိစေရေးအတွက် ရေဂါလံ (၁၆၀၀) အား ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ကျော်မို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment