သထုံမြို့နယ်တွင် သံဃာတော်၊ သီလရှင်၊ လူမှုရေးအသင်းအဖွဲ့များနှင့် ခရီးသွားပြည်သူများအတွက် အခမဲ့ နားခိုရာဆိုင်အား စေနာရှင်တစ်ဦးကဖွင့်လှစ်ထား - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့နယ်တွင် သံဃာတော်၊ သီလရှင်၊ လူမှုရေးအသင်းအဖွဲ့များနှင့် ခရီးသွားပြည်သူများအတွက် အခမဲ့ နားခိုရာဆိုင်အား စေနာရှင်တစ်ဦးကဖွင့်လှစ်ထား







MNP ၊  ဧပြီ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၊ ကျားသုံးကောင်ပိုင်း၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးနံဘေး၊ မိုင်တိုင်အမှတ် ၁၄၁/၄ ၌ သံဃာတော်၊ သီလရှင်၊ လူမှုရေးအသင်းအဖွဲ့များနှင့် ခရီးသွားပြည်သူများအတွက် အခမဲ့ နားခိုရာဆိုင်အား အဆိုပါကျေးရွာနေ‌ စေတနာရှင်တစ်ဦးက ၎င်း၏နေအိမ်ရှေ့၌ ဖွင့်လှစ်ထားပေးကြောင်း သိရသည်။

၎င်းဆိုင်ကို ပြီးခဲ့သည့်မတ်လ ဒုတိယပတ်ခန့်က စတင်ကာ ကျားသုံးကောင်ပိုင်းနေ ဦးမိုးကောင်းဆိုသူက တည်ထောင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အေးမြသည့်အရိပ်အာဝါသနှင့် အပန်းပြေ နားခိုနိုင်ရန် ဖန်တီးပေးထားသည့်အပြင် သောက်ရေသန့်၊ အအေးမျိုးစုံ၊ ကော်ဖီနှင့်မုန့်စသည်တို့အားလည်း လိုအပ်သူတို့ ဆိုင်အတွင်းကိုယ်တိုင်ယူ သုံးဆောင်နိုင်ပြီး ပိုလျှံသူများလည်း မျှဝေလှူဒါန်းနိုင်ရန် စီစဉ်ထားသည်။

မိမိဘဝသက်တမ်း၏ ကျန်ရှိနေသေးသောအချိန်အတွင်း တတ်နိုင်သမျှ စွမ်းအားဖြင့် ဝါသနာပါရာ ပရဟိတကိုအခြေခံကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မည်သူမဆို အခမဲ့ ဝင်ရောက်နားခို စားသောက်နိုင်ပါကြောင်း၊ စတင်ပြုလုပ်ချိန်က တစ်ဦးတည်း လှူဒါန်းခဲ့ပြီး ယခုအခါ၌ စေတနာအလျှောက် စားသောက်ဖွယ်ရာများ လာရောက်ထားရှိကြကြောင်း တည်ထောင်သူ ဦးမိုးကောင်းက ပြောပြသည်။

အဆိုပါဆိုင်ကို သံဃာတော်၊ သီလရှင်၊လူမှုရေးအသင်းအဖွဲ့များနှင့် လိုအပ်သော ခရီးသွားပြည်သူများအတွက် နေ့စဉ် နံနက် ၆ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ ဖွင့်လှစ်ပေးထားရာ လာရောက်နားခိုသုံးဆောင်နေကြသလို အလှူရှင်ပြည်သူများကလည်း အဆိုပါ အခမဲ့ဆိုင်သို့ စေတနာထက်သန်ရာ အအေး၊သောက်ရေသန့်၊ မုန့်မျိုးစုံတို့ကို လာရောက် ပို့ဆောင်လှူဒါန်းကြလျှက်ရှိကြောင်း တွေ့ရှိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)