MNP - ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြိုနယ်၊ ဖော့တောလမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းက ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦးမင်းသူရနှင့်ဌာနဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူများ၊ ပူးပေါင်း အဖွဲ့မှ မန္တလေး-ဗန်းမော်ကားလမ်း၊မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ သပိတ်ကျင်း-ဖော့တော စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီး ကတ်ရှိ/မရှိစစ်ဆေးခြင်း၊ များဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးမထိုးရသေးသည့် မြို့နယ်တွင်းရှိ ပြည်သူများအား အဆိုပါစစ်ဆေးရေးဂိတ်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါဆောင်ရွက်မှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဧပြီလ(၁)ရက်နေ့မှစတင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းကာ နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - စိုးနိုင်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment