ဝမ်းတွင်းမြို့တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သွားလာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝမ်းတွင်းမြို့တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သွားလာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်



MNP - ဧပြီ    ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သွားလာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဧပြီလ(၁)ရက် နေ့မှစတင်ကာ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)ကိုင်ဆောင်ပြီး သွားလာကြရန်၊ ပြည်သူများအားလုံး နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)ရရှိရေးအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအနေဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန သွားရောက်ဆောင်ရွက်ကြရန်နှင့် ပြည်သူများ အနေဖြင့် ခရီးသွားလာတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ယူဆောင်သွားလာကြရန် အသိပညာပေး နှင့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သွားလာရေးစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဟာမာန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းမှတာဝန်ရှိသူများ၊ စေတနာလုပ်အားရှင်ပြည်သူများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိသည်။

သတင်း - ဌေးလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)