မှော်ဘီ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမတွင် နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမတွင် နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ





MNP - ဘီ ဧပြီ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း ပညာရတနာခန်းမတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မှော်ဘီမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစား ဘောလုံးနှင့် အေရိုးဗစ်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ဆရာ၊ ဆရာမ များ၊ အားကာ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ဆုများကို ပညာရေးမှ အထက်တန်း(ကာယ) ဦးဥက္ကာသန့်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ခရိုင်လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်မှ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ကျောင်းသား၊ ကျောင်းသူ ဘောလုံး ကျား(၅၀)ဦးနှင့် အေရိုးဗစ် မ(၃၅)တို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၈.၃.၂၀၂၂ မှ ၈.၄.၂၀၂၂ ရက်နေ့ အထိ သင်ကြားပို့ချခဲ့ပြီး အဆိုပါ သင်တန်းကို ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အားကစားကို ဝါသနာပါ၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း ၎င်းသင်တန်းကို ဘောလုံးနည်းပြ ဦးသိန်းလင်းအောင်နှင့် အေရိုးဗစ်နည်းပြ ဆရာမ ဒေါ်သင်းသင်းစိုးတို့မှ သင်ကြားပေးခဲ့ကြောင်း ခရိုင်အားကာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်ထံမှ သိရသည်။

သတင်း - ဝင်းဇော္

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)