ခလယ်/တံခွန်တိုင်ကျေးရွာအုပ်စုမှ နေရပ်စွန့်ခွာပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ခလယ်/တံခွန်တိုင်ကျေးရွာအုပ်စုမှ နေရပ်စွန့်ခွာပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 


MNP - ဧပြီ   ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်/တံခွန်တိုင်ကျေးရွာအုပ်စုတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းသဖြင့် ဒေသခံပြည်သူများသည် နေရပ်စွန့်ခွာ၍ ကွမ်ကသောင်ကျေးရွာ၊ ဖာတလယ်ကျေးရွာနှင့် ဒရယ်ကွင်းကျေးရွာတို့ရှိ နီးစပ်ရာဆွေမျိုးများ နေအိမ်များတွင် ယာယီတိမ်းရှောင် နေထိုင်ကြလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးသော စားသောက် ကုန်များကို ယနေ့နံနက် ၁၁ နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးမျိုးဟန်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ခလယ်/တံခွန်တိုင်ကျေးရွာ အုပ်စုရှိ နေရပ်စွန့်ခွာ ပြည်သူအိမ်ထောင်စု ၁၁၆၈ စု၊ လူဦးရေ ၄၇၅၀ တို့အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်အိတ် ၂၀၀ နှင့် ဆီပုံး ၅၀ အတွင်းမှ လူတစ်ဦးလျှင် တစ်ရက်ဆန် (၂) ဘူး နှုန်းဖြင့် ၃ ရက်စာ ၆ ဘူးနှုန်း၊ ဆီတစ်ရက်လျှင် ၂ ကျပ်ခွဲသားနှုန်းနှင့် ၃ ရက်စာ ၇ ကျပ်ခွဲသားနှုန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)