Pages

Pages

ပေါက်တောမြို့၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေး




MNP ၊  ဧပြီ ၂၈

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းကာ မိုဘိုင်းစနစ်ဖြင့် အိမ်အရောက် သုတရသ စာအုပ်စာစောင်များအား စနစ်တကျ အခမဲ့ငှားရမ်း ပေးလျက်ရှိကြောင်းသိရသည်။

ထို့သို့  မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ၌ ယမန်နေ့ ညနေပိုင်းက ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံ ကလေးအားကစားကွင်း သို့သွားရောက်ပြီး စာဖတ်ပရိတ်သတ်များ နှင့် လူငယ်များအား သုတရသ စာအုပ်စာစောင်များကို စနစ်တကျ အခမဲ့ငှားရမ်းပေးကြသည်။


သတင်း - ဝင်းမင်းစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment