Pages

Pages

ကြာအင်းဆိပ်ကြီးမြို့၌ တိုက်ပွဲရှောင် နေအိမ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီပစ္စည်း ထောက်ပံ့ပေးအပ်




MNP - ဧပြီ   ၂၈


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ခလယ်ကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေး ရွာအုပ်စု ကျေးရွာများမှ တိုက်ပွဲရှောင်နေအိမ်စွန့်ခွာ ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဆန်၊ဆီ စားသောက်ကုန်ပစ္စည်း ထောက်ပံ့လွဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လွဲပြောင်းပေးအပ်သည်။


အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဆန်၊ဆီ ပစ္စည်းလွဲပြောင်းပေးအပ်ခြင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်ကကရင်ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ဆီ ပစ္စည်း ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းအားပေး အမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ခလယ်ကျေးရွာ အုပ်စု ခလယ်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာက မော့ဝမ်းကျေးရွာ ဒိုင်လွတ်ကျေးရွာ နန်းငိုင်းထွန်ကျေးရွာများမှ တိုက်ပွဲရှောင် နေအိမ်စွန့်ခွာ ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် (၂၄)ပြည်ဆံ့ ဆန် အိတ်ကြီး(၁၀၀)အိတ်၊ ဆီ(၂၇၀)ပိဿအား တိုက်ပွဲရှောင်ပြည်သူများကိုယ်စား ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ်များထံသို့ လွဲပြောင်းပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးမင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment