Pages

Pages

မိတ္ထီလာမြို့နယ်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၇၀၀ ကျော် စိုက်ပျိုးပြီးစီး



MNP -  ဧပြီလ   ၂၅

မိတ္ထီလာမြို့နယ်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၇၀၀ ကျော် စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် နွေစပါးများစိုက်ပျိုးသွားရန် မြို့နယ်အတွင်းရှိ မိတ္ထီလာ ကန်ရေဖြင့် လျော်ဖြူကန်၊  ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင်ကိုင်၊ တောမ၊ ထမုန်ကန်၊ ခင်လူးကျေးရွာ အုပ်စုများရှိ ကွင်း ၁၇ ကွင်းမှစိုက်ဧက ၅၀၀၊  ချောင်းကောက်ဆည်ရေဖြင့် ကွက်ငယ်၊ ကုက္ကိုကုန်း ကျေးရွာ အုပ်စုများရှိ ကွင်း ၃ကွင်းမှ   စိုက်ဧက ၂၀၀၊ မုန်တိုင်ဆည်ရေဖြင့် မုန်တိုင်၊ သီးကုန်း ကျေးရွာအုပ်စုများရှိ ကွင်းနှစ်ကွင်းမှ စိုက်ဧက ၁၀၀  နှင့် ရှမ်းမငယ်ဆည်ရေဖြင့် ရှမ်းမငယ်ကျေးရွာ အုပ်စုအတွင်းရှိ ကွင်းတစ်ကွင်းမှ စိုက်ဧက ၂၀ တို့ကို စိုက်ပျိုးသွားရန် လျားထားပြီး ဆည်ရေကန် ရေများဖြင့် ဒေသခံတောင်သူများက နွေစပါးများကို မတ်လ စတုတ္တအပတ်မှ စတင်၍ စိုက်ပျိုး လျက်ရှိရာ ယနေ့အထိ နွေစပါးစိုက်ဧက ၇၀၂ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နွေစပါးကို ဆည်ရေ၊ ကန်ရေများဖြင့်  ပျိုးထောင်စိုက်ပျိုးသည့် စနစ်၊ တိုက်ရိုက် မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကောင်းသည့် မနောသုခမျိုးစပါးများကို အဓိက ရွေးချယ်စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment