Pages

Pages

မုဒုံမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး




MNP - ဧပြီ   ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့က ကော့လှကျေးရွာနှင့် မြိုင်ကုန်းကျေးရွာတို့တွင် အရင်းမပျောက် မတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို အိမ်တိုင်ရာရောက် စနစ်ဖြင့် ထုတ်ချေးပေးခဲ့သည်။

ချေးငွေများ ထုတ်ချေးပေးရာတွင် မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်ဝတ်ရည်မွန်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော့လှ ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၄၃ ဦးအား ချေးငွေပမာဏ ၃၉ သန်းကိုလည်ကောင်း၊ မြိုင်ကုန်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၁၀၂ ဦးအား ချေးငွေ ပမာဏ ၃၉ သန်းကို လည်းကောင်း အသီးသီး သွားရောက်ထုတ်ချေးပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်ခဲများ တို့ကို ကုစားပေးနိုင်မည်ဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  သိရသည်။

သတင်း - အောင်မျိုးသူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment