MNP ၊ ဧပြီ ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက် ရှေ့တန်း အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှူး ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲ ရေး မှူး မှ ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ နှင့် ပြည်သူများက ကညင်တန်းရပ်ကွက် ၊ ပြည်သူ့ဆေးရုံကြီး အတွင်း/အပြင် နှင့် ရပ်ကွက်များတွင် ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ရှေ့တန်းအမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှူး ဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲ ရေး မှူး ဗိုလ်မှူးချုပ် ကျော်ထင် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း နှင့် တာဝန် ရှိသူ များ က လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်း အောင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ဝင်းထွဋ် ၊ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ တပ်မတော်သားများ ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ၊ ပြည်သူ များ အင်အား ၃၅၀ ခန့်က စုပေါင်းကာ အဖွဲ့များ ခွဲ၍ ပြည်သူဆေးရုံ ၊ မြို့မအားကစားကွင်းအနီး ပတ်ဝန်းကျင် ၊ အိုးအိမ်ဝန်ထမ်းအိမ်ရာ အနီး ပတ်ဝန်းကျင် နှင့် ရပ်ကွက်များအတွင်း စုရပ်များခွဲ၍ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ်များ အား သန့်ရှင်း သာယာလှပစေရေး အတွက် ခုတ်ထွင်ရှင်း လင်းပြီး ရေမြောင်း အတွင်းရှိ အမှိုက်သရိုက်များကိုလည်း ဆယ်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး စည်ပင်သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့် သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment