Pages

Pages

အင်္ဂပူမြို့တွင် သံဃာ‌တော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ် တရားတော်များမြို့တွင်းသို့ လှည့်လည်ရွတ်ဖတ်ပူဇော်



MNP - ဧပြီ   ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့တွင် မြန်မာနှစ်ဆန်း (၁)ရက်နေ့ ညနေ ၆ နာရီက သံဃာ‌တော်အရှင်သူမြတ်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များကို မြို့တွင်းသို့ လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

အဆိုပါ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်‌ပူ‌ဇော်ခြင်းကို မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တရေဝတဓမ္မ (မဟာသဒ္ဒမ္မဇော တိကဓဇ) အရှင်သူမြတ် ဦးဆောင်‌သော မြို့နယ်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်များမှ မော်တော်ယာဉ်များဖြင့် မြို့‌ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည်ပြီး မြို့သူ၊ မြို့သားများ၊ နယ်သူ နယ်သားများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး‌စေရန် ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ် တရားတော်များ လှည့်လည်ရွတ်ဖတ် ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။          

သတင်း - မန်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment