MNP - ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့ဦးရပ်ကွက်တွင် ယမန်နေ့ည ၈ နာခွဲအချိန်ခန့်က လေပြင်း တိုက်ခတ်မှုကြောင့် သက်တမ်း(၁၀၀)နှစ်ခန့်ရှိ လက်ပံပင် သစ်ကိုင်းကျိုးကျမှုကြောင့် လူနေအိမ် (၅)လုံးပြိုကျ ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါသစ်ကိုင်း ကျိုးကျရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်ဦးနှင့် သန္ဓေတပ်ဖွဲ့ဝင်(၁၂)ဦး၊ အရန်တပ်ဖွဲ့ဝင်(၅)ဦး၊ ရက်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့် ရပ်မိရပ်ဖများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးပြည့်စိုးနှင့်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ သစ်ကိုင်းများ ရှင်းလင်းပေးပြီး လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သစ်ကိုင်းကျိုးကျမှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းအိမ် (၃) လုံး၊ ဝါးကပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းအိမ်(၁)လုံးနှင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအိမ် (၁) လုံး စုစုပေါင်း လူနေအိမ် (၅) လုံး ပြိုကျပျက်စီးခဲ့ကြောင်းနှင့် အခြားလူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရှိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment