Pages

Pages

ဂွမြို့တွင် ဓမ္မမာလာကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်၏ သာဓုကီဠန အန္တိမအဂ္ဂိဈာပန ပူဇာသဘင်ပွဲ ကျင်းပ







MNP ၊ ဧပြီလ ၂၅

ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်၊ ဓမ္မမာလာကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်၏  သာဓုကီဠန အန္တိမအဂ္ဂိဈာပန ပူဇာသဘင်ပွဲကို ယနေ့ နံနက်ပိုင်းမှစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ် တပို့တွဲလဆန်း(၁၀)ရက်နေ့တွင် ဘဝနတ္ထံ ပျံလွန်တော်မူခဲ့သော သက်တော် ( ၆၇) နှစ် သိက္ခာတော် (၄၇) ဝါရဘဒ္ဒန္တ သာသန မဟာထေရ်မြတ်၏ သာဓုကီဠန အန္တိမအဂ္ဂိဈာပန ပူဇာသဘင်ပွဲကို နံနက်ပိုင်း အစီအစဉ်နှင့်ညနေပိုင်း အစီအစဉ်ဟူ၍  အစီအစဉ် (၂)ပိုင်းခွဲ၍  ကျင်းပပြုလုပ်ခဲ့ရာ နံနက်ပိုင်းတွင် ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး အနုမောဒနာတရားများ နာကြားကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းနှင့် ညနေပိုင်းအစီအစဉ်တွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို လောင်တိုက်သို့ ပင့်ဆောင်ပြီး အန္တိမအဂ္ဂိဈာပန ပူဇာသဘင်ပွဲကို ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment