Pages

Pages

ကျောက်တော်မြို့၌ ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း ဆောင်ရွက်

 


MNP - ဧပြီ    ၁၁

ကျောက်တော်မြို့၌ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ ကွင်းဆင်းစစ်ဆေး အသိပညာ ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေး၍ ကာကွယ်ဆေးမထိုးနှံရသူများအား ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ မြို့နယ် ပြင်ပသို့ ခရီးသွားမည်ဆိုပါက လဝကမှ ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံ သားကတ်၊ ပြုနိုင်ငံသားကတ်များကို တစ်ပါတည်းယူဆောင်သွားလာကြရန်၊ မှတ်ပုံတင်များမရှိ ပါက မိမိတို့နေထိုင်ရာဒေသသို့ ပြန်လည်ရောက်ရှိလျှင် မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ကြရန် အသိပညာပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ခရီးသွားလျှင် မှတ်ပုံတင် မပါမဖြစ် ကိုင်ဆောင်ကြရန် လိုအပ်ကြောင်း ကြေငြာထားပြီးဖြစ်ရာ အသက်(၁၆) နှစ်နှင့် အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး အတွက် ပန်းခင်းစီမံချက်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားတိုင်း မှတ်ပုံတင် ရရှိစေရေး အတွက်  "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ပါဝင်သော ပူးပေါင်း အဖွဲ့က အသိပညာပေး စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း - ဖြူဖြူဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment