Pages

Pages

မြင်းမူမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ရူပဗေဒဘာသာရပ်ဖြေဆို


MNP - ဧပြီ    ၅

၂၀၂၁-၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ(၃၁)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ (ယနေ့) ဧပြီလ(၅)ရက်နေ့တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ရူပဗေဒဘာသာရပ်ကို ပဉ္စမနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပွံဘာသာတွဲသို့ ဝင်ရောက် ဖြေဆိုရန် စာရင်းပေးသွင်းထားသူပေါင်း(၂၄၁)ဦးရှိပြီး ရူပဗေဒဘာသာရပ်အား (၁၀၄) ဦးရှိသည့် အတွက် ရာခိုင်နှုန်းဖြင့် (၄၁ဒဿမ၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးဌာနရုံး တာဝန်ရှိသူ ထံမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေးများထားရှိကာ ကူညီေဆာင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment