Pages

Pages

မောင်တောမြို့၌ ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်














MNP ၊ ဧပြီ  ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ခြင်းကို ယနေ့ နံနက်(၇)နာရီက သာသနာ့ဗိမာန်တော်ကြီးတွင် ပြည်သူများစုစည်း၍ ရခိုင်မင်္ဂလာစည်တော်တီးပြီး မြို့တစ်ပတ် လှည့် လည်ကာ မြို့ဦးကျောင်းတိုက်တွင် ဘုရားရေသပ္ပါယ်ခြင်းများကို ပြုလုပ်ခဲ့သည်။ 

မောင်တောမြို့၌ ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ခြင်းကို မြို့သူ/မြို့သားများ စုပေါင်းကာ နံသာဖြူ ၊ နံသာနီအစရှိသော အမွှေးနံ့သာများသွေးပြီး ငွေဖလားများ၌ ထည့်ကာ သပြေခက်များဖြင့်   ဘုန်းတော် ကြီး ကျောင်းများသို့ သွားရောက်ကာ  ကျောင်းထိုင်ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ ဘုရားရေသပ္ပါယ်ခြင်းများကို ဆောင်ရွက်ကြသည်။ 

ကျွန်တော်တို့ ဒေသခံ ပြည်သူများ အနေနဲ့ ရခိုင် ရိုးရာဓလေ့ အစဉ်အလာ ထိန်းသိမ်းခြင်းအားဖြင့် လည်းကောင်း၊  အမျိုးဂုဏ်မြင့်မားစေရေး၊ ယဉ်ကျေးမှုအမွေ အနှစ်များကို စောင့်ရှောက်စေရေး စသည့် ရည်ရွယ်ချက် အသီးသီးဖြင့် ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ် ခြင်းများကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူ ဦးမောင်ဝင်းသိန်း ပြောကြားချက်အရသိရသည်။


သတင်း - သက်လွင်စိုး၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment