မြောက်ဦးခရိုင်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

 


MNP - ဧပြီ   ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ မြောက်ဦးမြို့ပေါ် ရှိလမ်းများအားလုံး ကွန်ကရစ်လမ်းများ ဖြစ်စေရေး အတွက် (၅) နှစ်တာ စီမံကိန်းရေးဆွဲပြီး မြို့နယ်စည်ပင်သာယာရေးဦးစီး ဌာနနှင့် ရှေ့ဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ပေါင်းစပ်၍ လုပ်ဆောင်ကြရန်နှင့် မြောက်ဦးမြို့ပေါ်ရှိ အဆောက်အဦများ ထပ်မံ၍တိုးချဲ့ ကျူးကျော်မဆောက်ကြရန် ဒေသခံပြည်သူများအား အသိပ ညာပေးလုပ်ငန်းများ လုပ်ဆောင်ကြရန်တို့ကို မှာကြားခဲ့သည်။ ထို့နောက် ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်၊ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး ခင်မောင်စိုးကလည်း ဌာန ဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြရန်နှင့် မြို့နယ်အတွင်းရှိ လမ်းစည်း ကမ်း၊ ယာဉ်စည်းကမ်း အသိပညာပေး ဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကိုပြောကြား ခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း  ကိုဗစ် − ၁၉ ရောဂါကာကွယ်ဆေး မြောက်ဦးမြို့နယ်အတွင်း မထိုးရသေးသော ပြည်သူများနှင့်  ဌာနဆိုင်ရာဝန်ထမ်းများ၏ မိသားစုဝင်များကို ထမ်မံ၍ ထိုးပေးနိုင်ရန်တို့လည်းကောင်း တိုက်ပွဲရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ ၏ ကျန်းမာရေး၊ စားဝတ်နေရေး တို့ကို ပြောကြားခဲ့သည်။ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှလည်း ပန်းခင်းစီမံချက်(၁၀၀) ရာခိုင်နှုန်းပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း ၁.၄.၂၀၂၂ ရက်နေ့မှစတင်၍ ခရီးသွားပြည်သူများကို မှတ်ပုံတင်ပါမပါတို့ကို အပတ်စဉ် တနင်္လာ၊ဗုဒ္ဓဟူး၊ သောကြာနေ့တို့တွင် (၅၄၀) ဂိတ်တွင် အသိပညာပေးဆောင်ရွကခဲ့မှုနှင့် ECI မှတ်ပုံတင် ဦးစီးဌာနအသစ်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အီလစ်ထရနစ် စနစ်ဖြင့်လုပ်ဆောင်နေမှု တို့ကိုပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ဆောင်ရွက်နေမှုတို့ကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

 သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)